မလှိုင် နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပဲစင်းငုံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်ကာ (ယူရီးယား+လက်ချား) ရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကွင်းသရုပ်ပြအသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က ရုံးတောကျေးရွာအုပ်စု၊ ရုံးတောကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပဲစင်းငုံသီးနှံလျာထားဧက (၉၄၅၀၀)ဧက သတ်မှတ်ခဲ့ပြီး (၇၁၃၀၅)ဧက စိုက်ပျိုးနိုင်ခဲ့ကာ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကျေးရွာအုပ်စုပေါင်း (၁၇) အုပ်စုတွင် (၁၁၆၈၀)ဧက လျာထားဆောင်ရွက်ခဲ့သည်။ မလှိုင်မြို့နယ်၊ ရုံးတောကျေးရွာအုပ်စု၊ ရုံးတောကျေးရွာ၊ ကွင်းအမှတ်(၁၅၇)၊ ဦးပိုင်အမှတ်(၁၈/ခ)၊ တောင်သူ ဦးသိန်လွင် ၏ ပဲစင်းငုံစိုက်ခင်း (၂.၅၀)ဧကတွင် ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၌ တောင်သူများ ကုန်ကျစရိတ် သက်သာပြီး ပဲမျိုးစုံသီးနှံအထွက်တိုးစေသည့် (ယူရီးယား+လက်ချား)ရွက်ဖျန်းအားဆေးပက်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော တောင်သူ(၃၂)ဦးတို့အား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း(၁၁)တို့က(ယူရီးယား+လက်ချား) ရွက်ဖျန်းမြေဩဇာအထုပ်များနှင့် အသုံးပြုပုံလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ဒု-ဦးစီးမှူး၊ ဦးအာကာစိုးမှ နည်းပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မလှိုင်(ပြန်/ဆက်)