ချမ်းအေးသာစံမြို့နယ်၌ ဒုတိယအကြိမ်ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်တိကျစေရန် လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး

ချမ်းအေးသာစံ နိုဝင်ဘာ ၁၀

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကာလအတွက် မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ချမ်းအေးသာစံမြို့နယ် အမှတ် ၁၅ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်​အဖွဲ့ခွဲမှ တာဝန်ရှိသူများ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှတာဝန်ရှိသူများက မြေပြင်ရှိလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေး ခြင်းများကို စနစ်တကျဆောင်ရွက်ခဲ့သည်။

ထိုသို့မဲဆန္ဒရှင်လူဦးရေစာရင်း တိုက်ဆိုက်စစ်ဆေးခြင်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးလူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှုး ဦးစိုးလွင်၊ မဟာအောင်မြေခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြပြီး မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ချမ်းမြေ့မောင်