အမရပူရ နိုဝင်ဘာ ၁၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အခြေခံမဲဆန္ဒရှင်စာရင်းအမည်များကို အောက်တိုဘာ ၃၀ ရက်ကပထမအကြိမ် ကပ်ထားကြေညာပေးခဲ့ပြီး ယခုဒုတိယအကြိမ်၌ မဲစာရင်းပြည့်စုံမှန်ကန် နိုင်စေရေးအတွက် ယနေ့နံနက် ၁၀ နာရီက အမရပူရမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိစေရေးဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် အဖွဲ့ဝင်များ၊၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်း ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲအရာရှိ ဒေါ်နန်းအေးအေးစိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစိးမှူး ဦးမျိုးခိုင်၊ မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးသီဟ(အမရ)