ရန်ကုန်တိုင်းဒေသကြီး

တွံတေးမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ နည်းပြအဆင့် သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့်သင်တန်းဖွင့်ပွဲကို တွံတေးမြို့၊ အ.ထ.က (၂) ပညာရတနာခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာရေးဆရာအသင်း လပတ်ပုံမှန်အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း၏ လပတ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၈) ရပ်ကွက်ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဇူလိုင် ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။

ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲများ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အ​ခြေခံပညာအထက်တန်း​ကျောင်း၌ မြို့နယ်​ရေနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်း​ရေးလုပ်ငန်း​ကော်မတီမှ ဦး​ဆောင်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိ‌သောအမှိုက်၊ ပလတ်စတစ်အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများအတွင်းသို့ စနစ်တကျခွဲခြား စွန့်ပစ်နိုင်ရေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက (၁၅၆)ရပ်ကွက်သို့ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

သန်လျင်မြို့နယ် အ.မ.က ဖားကူး၊ ဝင်းခနီး (မူလွန်) စက်မှုစိုက်ပျိုး အ.ထ.ကကျောင်းတို့၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေး

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့်ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက အ.မ.က ဖားကူး၊ ဝင်းခနီး (မူလွန်)စက်မှုစိုက်ပျိုး အ.ထ.ကကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။

ဒလမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ တွေ့ဆုံပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြိူ့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ဗိုလ်ရန်ပြေရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

လှိုင်မြိုနယ်တွင် ရှေးဦးပြုစုခြင်း(‌အခြေခံ)ကြက်ခြေနီသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) ကြက်ခြေနီသင်တန်းကို အ.ထ.က(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ယ‌မန်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ မိုးရာသီရေဘေးကာကွယ်ရေးပစ္စည်းများ စုဆောင်းခြင်း အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ မိုးရာသီရေဘေးကာကွယ်ရေး ပစ္စည်းများ ကြိုတင်စုဆောင်းထားရှိခြင်းနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းစဥ်များ သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြရှင်းလင်းခြင်းကို ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်းက စာဘူးတောင်းကျေးရွာအုပ်စု၊ အင်ကြင်းကွင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

သမ‌ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ချပြရှင်းလင်းခြင်းအခမ်းအနားကို တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။

သုံးခွမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဗီနိုင်းချိတ်ဆွဲထားရှိမှုများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်၌ ပြေစာအမှတ် တံဆိပ်ကပ်နှိပ်ရောင်းချသောဆိုင်များတွင် အခွန်ဆိုင်ရာ အသိပညာပေးကြေညာချက်နှင့် ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပညာပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး