ကြည့်မြင်တိုင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။