ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲ ရုံးသစ်ဖွင့်
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် (၁)ထူပါရုံရပ်ကွက် ထူပါရုံ(၁၂)လမ်းအနောက်ရှိ ရုံးသစ်ရှေ့တွင် ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ တပ်ဖွဲမှူးချုပ် ဦးကျော်မျိုးကြည်၊ တိုင်းကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဌေးနှင့် ချီကျိဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကျော်ခင်တို့မှ ရုံးသစ်အဆောက်အဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရုံးဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းတို့အား အမွှေးနံ့သာရည်ပက်ဖျန်းပေးသည်။