ကမာရွတ် ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်(၇)နာရီ ၄၅ မိနစ်အချိန်က ကမာရွတ်မြို့နယ် အမှတ်(၁၀)ရပ်ကွက် အင်းယားလမ်းရှိ အ.ထ.က(၂)ကျောင်းတွင် စနေနေ့အထူးသန့်ရှင်းရေးကို ခရိုင်/မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေး၊ မြို့နယ်စည်ပင်ရုံးဝန်ထမ်းများ၊ ရေစီးရေလာဌာန၊ လမ်းတံတားဌာန၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဌာန၊ ပန်းဥယျာဉ်ဌာန၊ မြို့နယ်စည်ပင်ကျန်းမာရေး၊ ယာအုံဌာန၊ စုစုပေါင်း( ၉၀)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းဆောင်ရွက်နေမှု့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥက္ကဋ္ဌ(မြို့တော်ဝန်)၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများပါဝင်သော အဖွဲ့လာရောက်စစ်ဆေးခဲ့ကြပြီး၊ ဥက္ကဋ္ဌ(မြို့တော်ဝန်)မှ ခေါင်မိုးများရှိ သစ်ရွက်ကြွေများနှင့် အဆောက်အဦးတွင် တွယ်ကပ်ပေါက်နေသော အပင်များရှင်းလင်းနေမှု့အား လမ်းညွှန်မှာကြားပြီး မခေါင်မိုးပေါရှိသစ်ရွက်ကြွေများနှင့် တွယ်ကပ်သစ်ပင်များကို ဆက်လက်ရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ထွက်ရှိလာသော အမှိုက်များကို ရေစီးရေလာမှJAC(၁)စီး၊ ပတ်သန့်မှ HOPPER(၂)စီးဖြင့် သိမ်းဆည်းခဲ့သည်။
ဆက်လက်၍ ဥက္ကဋ္ဌ (မြို့တော်ဝန်)နှင့်အဖွဲ့သည် အမှတ်(၉)ရပ်ကွက်ရှိ အင်းယားကန်ဘောင်သို့ရောက်ရှိပြီး အင်ယားကန်အတွင်းရှိ ရေမှော်များကို ရှင်းလင်းရန်၊ ကန်ဘောင်ပေါ်ရှိပန်းအလှပင်များ ပြုပြင်စိုက်ပျိုးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်ဆက်)