မှော်ဘီမြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်စွမ်းရည် ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မှော်ဘီ ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ နယ်အမျိုးသမီးရေးရာ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူထုအ‌‌ခြေပြုဗဟိုဌာန Comm unityCentre ခန်းမ၌ ဇွန် ၄ ရက်နေ့နံနက် ၁၀ နာရီအချိန်က လူငယ်များစာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူလူငယ်များအနေဖြင့် စာကြည့်တိုက်များ၌ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုထားပါမှ အသိပညာဗဟုသုတများတိုးပွားလာမှာဖြစ်ပါကြောင်း လူငယ်တို့အနေ​ဖြင့် ငယ်ရွယ်ပညာသင်ကြားချိန်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ယခုအချိန်ကပင် သုတရသစာအုပ်စာပေများကို ဖတ်ရှုလေ့လာမှတ်သားထားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခဲရာ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဖတ်ရှုထားသမျှ အနှစ်သက်ဆုံးစာအုပ်တစ်အုပ်အကြောင်းကိုလည်းကောင်း၊ ပုံပြင်ပြောပြိုင်ပွဲလူငယ်များအား အသိပညာဗဟုသုတရရှိစေမည့် ပုံပြင်များကိုလည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် စာဖတ်ခြင်းအကျိုးကဗျာဖြင့် အသီးသီးပြိုင်ပွဲဝင်ကြရာ အကောင်းဆုံး(၂)ဦးစီအား မြို့နယ်ဦးစီးမှူး ဦးစန်းဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဲနုဝေ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့အတွင်းရေးမှူး ဒေါ်ခင်မေထွဋ်တို့က ဗလာစာအုပ်နှင့် ဘောပင်များချီးမြှင့်ကာ အခမ်းအနားတက်ရောက်လာသူများအား အာဟာရဒါနမုန့်များ လက်ဆောင်ပေးအပ်ပေးအပ်ခဲ့သည်။

ထို့နောက် စာပေချစ်မြတ်နိုးသူလူငယ်များက ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောနံရံကပ်စာစောင်​ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများပြသထားမှုအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

စန်းဝင်း (ဦးစီးအရာရှိ)