ရန်ကုန်တိုင်းဒေသကြီး

ရက် (၁၀၀) စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ အလုံမြို့နယ်၌ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် ၊ အလုံမြို့နယ်၌  ရက်(၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ   နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စောရန်ပိုင်အနောက်ရပ်ကွက်၊   အ.မ.က(၁၁) အခြေခံပညာ မူလတန်းကျောင်းတွင်  မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

လှိုင်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူများ တွေ့ဆုံပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ လှိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယ‌နေ့ နံနက်(၁၀)နာရီအချိန်က ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြသည်။

ကိုကိုးကျွန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ဆောင်ရွက်

ကိုကိုးကျွန်းမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း(၄၅)မြို့နယ်တွင် ပါဝင်သော မြို့နယ် တစ်မြို့နယ်ဖြစ်သော်လည်း ရန်ကုန်မြို့မကြီးနှင့် ရေမိုင်(၂၄၀)ခန့်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးမှာနေ့စဉ်ပြေးဆွဲနေသော သင်္ဘောခရီးစဉ်မရှိခြင်း၊ မြို့နယ်အတွင်း ပြင်ပမှဖွင့်လှစ်ထားသော ဆေးခန်းများမရှိခြင်း၊ မြို့နယ်အတွင်း ပြည်သူလူထုများမှာ ကျန်းမာရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ပေးထားသော မြို့နယ်ဆေးရုံကိုသာ အားကိုးကုသနေရခြင်းကြောင့် မြို့နယ်အတွင်းနေထိုင်ကြသော သက်ကြီးဘိုးဘွားများအား အခမဲ့ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို လစဉ်လဆန်းနေ့တိုင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် အခြေခံအားကစားသင်တန်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ တွံတေးမြို့မ အားကစားကွင်းနှင့် (ခ)အဆင့် အားကစားရုံတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

လှိုင်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်း‌ဆောင်ရွက်‌ပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရေတွင်းကုန်းကျေးရွာအုပ်စုရှိ မိဘပြည်သူများအား မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းမှု တောင်သူကွင်းသရုပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် အမှတ်(၂၁)ရပ်ကွက် (လိန်ကုန်း)ကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်းမှု တောင်သူ ကွင်းသရုပ်ပြပွဲကို တောင်သူ‌ ဒေါ်သန်းသန်း‌အေး၏ ကွင်းအမှတ်(၂၈၃) ဦးပိုင်အမှတ် (၂၂) ရှိ စိုက်ခင်း၌ စိုက်ပျိုးထားသော ရက်(၉၀)စပါး Seeder စိုက်ခင်းဧရိယာ(၆)ဧက၌ မေ (၃) ရက်နေ့နံနက်ပိုင်းက ကျင်းပသည်။

အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်တွင် ရက် (၁ဝဝ) စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အင်းစိန်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်များကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး​ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ ခေါင်နှံဖြင့် မျိုးသန့်ပွားများခြင်းဆိုင်ရာ စိုက်ပျိုးနည်းပညာများ ဆွေးနွေးသရုပ်ပြပွဲ ဆောင်ရွက်

ကျောက်တန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ တောင်သူများ စပါးသီးနှံခေါင်နှံဖြင့် မျိုးသန့်ပွားများဆိုင်ရာ နည်းပညာဆွေးနွေးခြင်းနှင့် ကွင်းလက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းတို့ကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု၌ ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နှစ် (၈၀) ပြည့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်တန်းမြို့နယ်၌ သောက်သုံးရေလှူဒါန်း

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် သီတာမြိုင်ရပ်ကွပ် (ယခင်) ဂွေးပင်ကျေးရွာရှိ သောက်သုံးရေများလိုအပ်ချက်ရှိသည့် နေရာများသို့ ယနေ့နံနက်ပိုင်းက ရေလှူဒါန်းဆောင်ရွက်ခဲ့သည်၊၊
Subscribe to ရန်ကုန်တိုင်းဒေသကြီး