မင်္ဂလာတောင်ညွန့် ဧပြီ ၃၀
(၅-၅-၂၀၂၆)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ မင်္ဂလာဈေး(ယာယီ)၊ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေးအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနက ဦးစီအရာရှိ ဦးနိုင်ဝင်းစိန်ဦးဆောင်၍ ယမန်နေ့(၁၃)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အပေါ့စားစက်များ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်မှုများကို မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးနိုင်ဝင်းစိန်ဦးဆောင်၍ မီးသတ်သန္ဓေတပ်ဖွဲ့ဝင်(၄)ဦး၊ အရန်တပ်ဖွဲ့ဝင်(၆)ဦးတို့ဖြင့် ဈေးများမှ တာဝန်ရှိသူများနှင့်အတူ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြတ်မြတ်အေး (ပြန်/ဆက်)