ညောင်ရွှေအကျဉ်းထောင်၌ သုတ၊ ရသစာအုပ်များ စုပေါင်းစာအုပ်လှူဒါန်းပွဲ ပြုလုပ်

ညောင်ရွှေ ဇူလိုင် ၆

အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ စာပေအသိပညာပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ခြင်းအလေ့အထကောင်းများ ဖြစ်ထွန်းပေါ်ပေါက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းသည့် သုတ၊ ရသစာအုပ်များလှူဒါန်းပွဲကို ဇူလိုင်လ (၄) ရက် နံနက် (၁၀) နာရီခွဲက ညောင်ရွှေအကျဉ်းထောင်၊ ပြည်ငြိမ်းအေခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ရှမ်းပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးစိုးညွှန့်ရွှေက သုတ၊ ရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်မေမေနီက စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရခြင်းအကြောင်းအရင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူးနှင့်အလှူရှင်များက စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းကြရာ အကျဉ်းဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဝင်းနိုင်လင်းနှင့် တာဝန်ရှိသူများ အသီးသီးလက်ခံရယူခဲ့ကြပြီး အကျဉ်းဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် အကျဉ်းဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူးနှင့် ဧည့်သည်တော်များသည် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရှိရသည်။

စိုင်းအယ်ဘဲ