ရှမ်းပြည်နယ်

အထူးကုဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသပေးမည်

ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်သူများလက်လှမ်းမီရရှိနိုင်ရန်၊ ဆေးကုသမှုအတွက် လူနာမှစိုက်ထုတ်ကုန်ကျစရိတ်လျော့နည်းစေရန်၊ ရောဂါများကိုအချိန်မီစောစီးစွာ သိရှိကုသမှုခံယူနိုင်စေရန်ရည်ရွယ်၍ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ ပြည်သူ့ဆေးရုံ၌ ဇူလိုင် ၁၈ ရက်တွင် ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့၌ အခွန်ဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ် (Tax Awarness Campaigm) အစီအစဉ်ဖြင့်ကျင်းပသည့် အခွန်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက၊ တောင်ကြီးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်း‌ကျောင်း၌ ကျင်းပရာ ရှမ်းပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။

ရှမ်းပြည်နယ် စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဟိုတယ်၊ ခရီးသွားလာမှုနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ Kunming Vocational University of Science and Technology နှင့် ဖူကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်မှုဖြင့်ကျင်းပသည့် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက၊ တောင်ကြီးမြို့၊ မဟာယနဘုရားရှိခိုးကျောင်း၌ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း၊ ဖူကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ ပြည်နယ်/ ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြောင်း သိရသည်။

သီပေါမြို့တုံစင့်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် တုံစင့်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် မိုးစပါးစံပြကွက် ပန်းတိုင်ထွက်တိုးရရှိရေး မျိုးစေ့နှင့်ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်တိုးရရှိရေး မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် မိုးစပါးစံပြကွက်ပန်းတိုင်ထွက်တိုးရရှိရေး မျိုးစေ့နှင့်ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုင်းခတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ ၇၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၇၉ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများနှင့် ဟောပြောပွဲကို ဇူလိုင် ၁၃ ရက်က ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပေါင်လင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပေါင်လင်း၌ ကျင်းပသည်။

ကျေးသီးမြို့တွင် လွှတ်တော်ကိုယ်စားလှယ်ဖလား မိုးရာသီ အလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် မိုးရာသီအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၂ ရက်နေ့ နေ့လည်(၂)နာရီတွင် မြို့နယ်ဘောလုံးကွင်း၌ ဆောင်ရွက်ခဲ့သည်။

လားရှိုးမြို့၌ အဆင့်မြင့်ပညာအဆင့် လူငယ်စကားဝိုင်း၊ စာအုပ်စာ‌စောင်၊ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် သူနာပြုသင်တန်း‌ကျောင်းတို့ပူးပေါင်း၍ သင်တန်းသား၊ သင်တန်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံဖြိုးတိုးတက်ပြီး အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများမြှင့်တင်ရန်ရည်ရွယ်၍ အဆင့်မြင့်ပညာအဆင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက သူနာပြုသင်တန်းကျောင်း(လားရှိုး)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နောင်ချိုမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသော မွေးမြူရေးခြံများအား ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် နောင်ချိမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အသား၊ ဥ၊ နို့နှင့်နို့ထွက် ပစ္စည်းများပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသော မွေးမြူရေးခြံများသို့ ယမန်နေ့၊ မွန်းလွဲ(၁)နာရီခွဲတွင် ကွင်းဆင်းစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ၊ ကြုံတွေ့နေရသော အခက်အခဲများအပေါ် ပေါင်းစပ်ဖြေရှင်းပေးနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Subscribe to ရှမ်းပြည်နယ်