ရှမ်းပြည်နယ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနား တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းပါ လုပ်ငန်းထူထောင်မည့်သူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ(၂၃)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်သည်။

လားရှိုးမြို့တွင် သီးထပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များ အခမဲ့ပေးအပ်ခြင်းနှင့် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)က ကြီးမှူး၍ စိုက်ပျိုးရေးဦးစီးဌာနမှ သီးထပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များ အခမဲ့ပေးအပ်ခြင်းနှင့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၉) နာရီခွဲက ဟူးမွန်ကျေးရွာ ရေပူကွင်း၌ ဆောင်ရွက်ခဲ့သည်။

ဟိုပုံးမြို့နယ်၌ (ပဉ္စမအကြိမ်မြောက်) မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲတတိယနေ့တွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၂၇၀၀) ကျော် ဖြေဆို၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့်  မြန်မာနိုင်ငံလုံးဆိုင်ရာ (ပဉ္စမအကြိမ်မြောက်) နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ဆက်လက်ဖြေဆိုလျက်ရှိရာ အလှူရှင်များကလည်း လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများလာရောက်လှူဒါန်းပေးလျက်ရှိပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့သည် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာ (၂၃) ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ဟိုတယ်ဇုန်ရှိ Inle Garden Hotel သို့ရောက်ရှိပြီး အင်းလေးဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

လားရှိုးမြို့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့၌ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲ တော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အ.ထ.က(ဟိုက်ဖတ်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီခွဲက ဟိုက်ဖတ်ကျေးရွာအုပ်စု၊ ဟိုက်ဖတ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ "ဆေးလိပ်ငွေ့ကင်းစင် ပင်းတယတစ်ခွင်" မြေစိုက်ပိုစတာ စိုက်ထူပွဲနှင့်ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများဖော်ဆောင်ရေး ဆွေး‌နွေးပွဲအခမ်း အနားကျင်းပ

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ယနေ့နံနက် ၉ နာရီအချိန်က ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေများ ဖော်ဆောင် ရေးအတွက်" ဆေးလိပ်ငွေ့ ကင်းစင် ပင်းတယတစ်ခွင်’’ ဆိုင်းဘုတ်ပိုစတာ စိုက်ထူပွဲအားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆိုင်း ဘုတ်အား ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအုပ်ကြီးဒေါက်တာရန်နိုင် မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။‎

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တာချီလိတ်မြို့အား ကွင်းဆင်းစစ်ဆေး

တာချီလိတ်မြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့(Mae Sai)နှင့် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးအပြင် ခရီးသွားလာရေး တိုးတက်နေသည့်မြို့ဖြစ်၍ ယခုအခါ ၂၀၂၆ ခုနှစ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ် ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းကောက်ယူနိုင်‌ရေး ကြိုတင်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ကြီး)၊ ရှမ်းပြည်နယ် အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းကောက်ယူရေးလုပ်ငန်းအဖွဲ့၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု)စစ်တမ်း ကောက်ယူနိုင်‌ရေး ကြိုတင်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အေးသာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့၌  အောင်ချမ်းသာအစိုးရဝန်ထမ်း‌ပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် စုဆောင်းငွေပေါ် အတိုးချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌  အောင်ချမ်းသာ အစိုးရဝန်ထမ်း‌ပေါင်းစုံသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် စုဆောင်းငွေပေါ် အတိုးချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်