မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာ၌ မိုးစပါး(ဆင်းရွှေဝါ) စပါးမျိုးစံပြစိုက်ကွက် ရိတ်သိမ်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာ၌ စိုက်ပျိုးထားသော မိုးစပါး(ဆင်းရွှေဝါ) စပါးမျိုးစံပြစိုက်ကွက် ရိတ်သိမ်းခြင်း ကို အောက်တိုဘာ ၂၂ ရက် နံနက် ၁၀ နာရီက ယန်းခိုင်ကျေးရွာနေ ဦးပိုင်တောင်သူ ဦးအိုက်ဆမ်၏ လယ်မြေ၌ ဆောင်ရွက်သည်။