ရှမ်းပြည်နယ်

မိုင်းခတ်မြို့နယ်၌ မိုးစပါးအောင်နိုင်တိုး (YSR-1) စံပြစိုက်ကွက် ရိတ်သိမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် စိုက်ပျိုးထားသော မိုးစပါးအောင်နိုင်တိုး (YSR-1) စံပြစိုက်ကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ဝမ်ခုတ်ကျေးရွာအုပ်စု၊ ပင်းကွေ့ကျေးရွာ၊ ကွင်းအမှတ် ၂၈၊ ကုန်းမွန်အနောက်ကွင်းရှိ တောင်သူဦးအိုက်ဆမ်၏ ဦးပိုင်အမှတ်(၈)၊ ဧရိယာ(၂.၃၄)ဧက၌ ဆောင်ရွက်သည်။

နမ့်စန်မြို့ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကောင်းမြတ်ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ ကြက်တောင်ရိုက်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ်(၅) ရပ်ကွက်ရှိ မြို့နယ်အားကစားရုံတွင် ကျင်းပခဲ့သည်။

လက်စွဲကောက်စိုက်ဖြင့် မိုးစပါးစိုက်ပျိုးဖြစ်ထွန်းမှု စံကွက်ရိတ်သိမ်းခြင်း ကွင်းလက်တွေ့သရုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးဖြစ်ထွန်းမှု စံကွက်ရိတ်သိမ်းခြင်း ကွင်းလက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဝမ်ဘိုးကျေးရွာ ကွင်းအမှတ်(၁၂) ဦးပိုင်/၇ တောင်သူဦးစိုင်းသီဟ၏ လယ်မြေ ၆ ဒသမ ၁၀ ဧက၌ ကျင်းပကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ - ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသိပညာပေးမြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက် မြို့နယ်ယာဉ်ကြီးကြပ်ရေးရုံးရှေ့၌ ကျင်းပသည်။

ပိန်းမုံ-ဝမ်ပုံကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်‌ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ပိန်းမုံ-ဝမ်ပုံ ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်‌မှုကို ယမန်နေ့ နေ့လယ်ပိုင်းက နေပြည်တော်ရုံးချုပ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်မျိုး၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျံလင်းတို့ ပါဝင်သော အဖွဲ့နှင့် ​မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်မိုး၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်တို့ ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ရာ ယင်းလုပ်ငန်းနှင့်ပတ်သက်၍ အခြေအနေများကို မြို့နယ်ဦးစီးမှူးဦးပြည့်ဖြိုးဟန်က ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များကို မြို့နယ်ဦးစီးမှူးအား မှာကြားခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

လွိုင်လင်မြို့၌ (၇၇) ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းဘုံကထိန်လှည့်လည်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ (၇၇) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်လှည့်လည်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ကွန်ဟိန်းမြို့၊ အလင်းရောင်စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြို့မကျေးရွာအုပ်စု၊ ဝိန်းနန်းကျေးရွာ၊ အလင်းရောင်စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင် ရေးဟောပြောပွဲအား ယမန်နေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၊ မိုင်းတွမ်းတောင်ပေါ်ဒေသဇေတဝန်ကျောင်းတိုက်ရှိ မြတ်ဘုန်းခေါင်ဆုတောင်းပြည့် ကိုးနဝင်းစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ဒေသ ဇေတဝန်ကျောင်းတိုက်အတွင်း၌ ဉာဏ်တော် ၂၇ တောင်ရှိ ရွှေတိဂုံပုံတူမြတ်ဘုန်းခေါင်ဆုတောင်းပြည့် ကိုးနဝင်းစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲကို အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီက အဆိုပါကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်၊ စာစောင်ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ရှမ်းပြည်နယ်