ရှမ်းပြည်နယ်

လားရှိုးတက္ကသိုလ်နှင့် ပညာရေးဒီဂရီ‌ကောလိပ်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်‌ရေး အများပြည်သူအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လားရှိုးတက္ကသိုလ်နှင့် ပညာရေးဒီဂရီ‌ကောလိပ်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်‌ရေး အများပြည်သူအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲက အဆိုပါနေရာများ၌ ဆောင်ရွက်သည်။

ကျိုင်းတုံမြို့၌ သစ်တောထိန်းသမ်းရေး၊ တောမီးကာကွယ်ရေးနှင့်  မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၁ ရက်က ကျိုင်းတုံမြို့ အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

မူဆယ်မြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာမှုကို ပြည်သူများ လာရောက်ကြည့်ရှု

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများရှိ ကြော်ငြာဘုတ်များတွင် ကြေညာထားကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်၌ မဲစာရင်းများ (ဒုတိယအကြိမ်) ကပ်ထားကြေညာ

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲစာရင်းများ (ဒုတိယအကြိမ်)အဖြစ် ရက်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ ထပ်မံကြေညာပေးလျက်ရှိကြောင်းသိရသည်။

မိုင်းကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက် (၆) နာရီမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် စတင်ကပ်ထားကြေညာလျက်ရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်)တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကျေးသီးမြို့နယ်မဲဆန္ဒနယ်မှ လွှတ်‌တော်အသီးသီးတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် စာရင်းများ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီးတရားမျှတ သော ပါတီစုံဒီမိုက ရေစီအ ထွေထွေ‌ ရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် မဲစာရင်းကပ်ထား‌ကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ ပြုလုပ်သည်။

မိုင်းယောင်းမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်များစာရင်းများကို ဒုတိယအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ကပ်ထားကြေညာရာ ယနေ့တွင် မဲဆန္ဒရှင် ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိသည်။

လွိုင်လင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် (ဒုတိယ)အကြိမ် မဲစာရင်းကပ်ထားကြေညာထားရှိ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များ၏မဲစာရင်းများကို (ဒုတိယ)အကြိမ်အဖြစ် ယမန်နေ့နံနက်ပိုင်းမှစ၍ လွိုင်လင်မြို့နယ် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ယမန်နေ့တွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများက လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်