ရှမ်းပြည်နယ်

ဖယ်ခုံမြို့၌ မဲဆန္ဒရှင်စာရင်းဒုတိယအကြိမ် ကပ်ထားကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဖယ်ခုံမြို့အတွင်းရှိသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများရှိ ကြေညာဘုတ်များ၌ ကပ်ထားကြေညာထားကြောင်း သိရသည်။

တောင်ကြီးမြို့၌ (၃၄)ကြိမ်မြောက် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ဆွေးနွေးပွဲကျင်းပ

(၃၄)ကြိမ်မြောက် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃)၌ ကျင်းပခဲ့သည်။

မိုင်းယန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို မြို့ပေါ်(၁၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) စုရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ယမန်နေ့နံနက်(၇)နာရီမှစတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ (ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် (ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းကြေညာခြင်းကို ယမန်နေ့ သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာများတွင် ကြေညာထားကြောင်း သိရသည်။ ထိုကဲ့သို့(ဒုတိယ)အကြိမ်မဲဆန္ဒရှင်စာရင်းကြေညာထားရှိခြင်းကို မဲဆန္ဒရှင် ပြည်သူများက မိမိတို့အမည်ပါ/မပါ လာရောက်ကြည့်ရှုခဲ့‌ကြသည်။

မိုင်းခုတ်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို အမှတ်(၁)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)၊(၂)၊တို့တွင်လည်းကောင်း အမှတ်(၂)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)၊(၂)တို့တွင်လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)(၂)တို့တွင်လည်းကောင်းစသည်ဖြင့် ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိသည်။

လားရှိုးမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်ကျင်းပမည့် အထွေထွေ‌ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကပ်ထားကြေညာခဲ့‌ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုမြူငွေ့လျှော့ချရေး" အသိပညာပေးခြင်း ဆောင်ရွက်

သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး (မြို့နယ်အဆင့်) အသိပညာပေးဟောပြောပွဲကို  နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့နယ်၊ ခေါင်တိုင် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ပုလဲခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တောင်ကြီးမြို့အတွင်း ကက္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် ဂနိုင်ကန်(၃)ပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ပြည်နယ်စည်ပင်သာယာရေးဌာန၊ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်လမ်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့အတွင်း ကက္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

တောင်ကြီးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ (ဒုတိယအကြိမ်) ကပ်ထားကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန် ရည်ရွယ်၍ မြို့နယ် အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ (ဒုတိယအကြိမ်)အဖြစ် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ ကပ်ထားကြေညာဆောင်ရွက်လျက်ရှိပါသည်။

မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်‌တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် မဲစာရင်းကပ်ထား‌ေကြညာခြင်းကို ယနေ့နံနက်ပိုင်းမှစ ၍ သက်ဆိုင်ရာ ဌာနေတပ်၊ ရပ်ကွက်နှင့် ကျေးရွာများ၌ ပြုလုပ်သည်။
Subscribe to ရှမ်းပြည်နယ်