မိုင်းယောင်း နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်များစာရင်းများကို ဒုတိယအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ကပ်ထားကြေညာရာ ယနေ့တွင် မဲဆန္ဒရှင် ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိသည်။
ထိုသို့ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနေမှု၊ တာဝန်ရှိသူများ၏ လှည့်လည်နှိုးဆော်နေမှုနှင့် OSS ဖြင့် ဆောင်ရွက်ပေးနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)