ပေါက်တော ဒီဇင်ဘာ ၈
(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ယနေ့ နေ့လယ် ၁ နာရီက စာအုပ်ပြပွဲနှင့် စစ်တုရင်ပြိုင်ပွဲကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က စစ်တုရင်ပြိုင်ပွဲ ကျင်းပရခြင်းအကြောင်းနှင့် လူငယ်များအနေဖြင့် စစ်တုရင်ကစားနည်းကို စနစ်တကျယှဉ်ပြိုင် ကစားတတ်စေရန် စသည့်တို့ကို ရှင်းလင်းပြောကြားသည်။
လက်ဆက်ပြီး စစ်တုရင်ပြိုင်ပွဲ ကျင်းပရာ ပြိုင်ပွဲဝင် လူငယ် ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ဦးစီးအရာရှိ ဒေါ်တင်တင်စိန်နှင့် တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ပေးကြသည်။ ထို့ပြင် စာအုပ်စာစောင်များပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)