ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့၌ ဆင်းရဲနွမ်းပါးသူအိမ်ထောင်စု (၁၇၇) စုတို့အား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အသား၊ ငါးများ ထောက်ပံ့လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီတောင်မြို့၌ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ၊ ဆင်းရဲနွမ်းပါး အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက်များရှိ ပြည်သူများအား အသား၊ ငါးများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့လှူဒါန်းခဲ့ကြသည်။

ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး တောင်ဦးတောင်ကလပ်၌ ဓမ္မာရုံအသစ် အုတ်မြစ်စီမင်္ဂလာ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး တောင်ဦးတောင်ကလပ်၌ ဓမ္မာရုံအသစ် အုတ်မြစ်စီမင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၈) နာရီက ဦးရာဇ်တော်တောင်ဦး ဓမ္မာရုံသစ်မြေနေရာတွင် ကျင်းပခဲ့သည်။

ကျောက်ဖြူမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေဒေသခံပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင် ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူ များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က ကျောက်ဖြူမြို့မစည်ပင်သာယာဈေးကြီးနှင့် နာရီစင်ရှေ့လမ်းဆုံနေရာတို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။  

မောင်တောမြို့နယ်၌   ရခိုင်ပြည်နယ်အထိမ်းအမှတ်အကြို ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်း လျှောက်ပွဲဆင်နွဲမည်

မောင်တောမြို့နယ်၌  ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်မည့် ရခိုင်ပြည်နယ်အထိမ်းအမှတ်အကြို ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍  မြို့နယ်အားကစားနှင့် ကာယပညာဦးစီဌာနက ဦးဆောင်ကာ တစ်မျိူးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် စုပေါင်းလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို  ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၅ နာရီ မြို့မနာရီစင်ခွဆုံစုရပ်မှစတင်ကာ  မြို့ဝင်မုဒ်ဦး အနီးအနားထိလည်းကောင်း၊ ထိုမှတဆင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ပြန်လျှောက်ကာ အားကစားကွင်းအတွင်း “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဉ် (Fitness Dance)အက လေ့ကျင့်ခန်းများ တစ်ပျော်တစ် ပါး စုပေါင်းပြုလုပ်ဆောင်ရွက်မည်ဖြစ်ပြီးလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲသူများအား ကောက်ညင်းပေါင်းဖြင့် ဧည့်ခံမည်ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ခရိုင်အဆင့်လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည် နယ်နေ့ စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ခရိုင်အဆင့်လုပ်ငန်း ညှိနိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၌ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာ ပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ပေါက်တောမြို့နယ် အ.ထ.က ကျောက်တောင်ကျောင်း၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ပေါက်တောမြို့နယ်ရှိ အ.ထ.က ကျောက်တောင် ကျောင်းခန်းမတွင် ကျင်းပသည်။

ပေါက်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များတွင် အသိပေးနှိုးဆော်

ရခိုင်​ပြည်နယ် ပေါက်တော​မြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းအားပေါက်တော မြို့နယ်မီးသတ်ဦးစီးဌာနမှမီးသတ် တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေပိုင်းအချိန်က မီးသတ်ယာဉ်ဖြင့်ပေါက်တောမြို့ရှိ မြို့ပေါ်ရပ်ကွက်များသို့သွားရောက်ပြီး လှည့်လည်အသိပေးနှိုးဆော်ကြသည်။

ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ဘူးသီးတောင်မြို့ လူထုအခြေ ပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပခဲ့သည်။

ငပလီမြို့လူထုအခြေပြုဗဟိုဌာန၌ လူငယ်စကားဝိုင်းကျင်းပ

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre)ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီမှ ကြီးမှူး၍  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီးလူငယ်များအသိပညာအသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင်ကောင်းများ ရရှိစေရန်၊ အနာဂတ်ရဲ့ သားကောင်းရတနာလေးများဖြစ်သညလူငယ်များအတွက် အသိပညာ၊ အတတ်ပညာသာမက  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိတဲ့ဗလငါးတန် ပြည့်စုံနိုင်ရေးတို့အတွက်ရည်ရွယ်၍ ကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီက ငလီမြို့ အထက(ငပလီ)ကျောင်း၌ ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်