ဘူးသီးတောင် ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီတောင်မြို့၌ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ၊ ဆင်းရဲနွမ်းပါး အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက်များရှိ ပြည်သူများအား အသား၊ ငါးများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့လှူဒါန်းခဲ့ကြသည်။
အဆိုပါ အသား၊ ငါးများ ထောက်ပံ့လှူဒါန်းခြင်းကို ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများက ပေးအပ်ရာ ဆင်းရဲနွမ်းပါး အိမ်ထောင်စုမှ မိသားစုဝင်များက လက်ခံရယူခဲ့ကြသည်။
ထိုသို့ ဆင်းရဲနွမ်းပါးမိသားစုတို့အား အမဲသားများ ထောက်ပံ့လှူဒါန်းရာတွင် အိမ်ထောင်စု (၁) စုလျှင် အမဲသား (၅၀) သားနှုန်းဖြင့် အိမ်ထောင်စု (၁၇၇) စုတို့အတွက် (၈၈) ပိဿာခွဲ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)