မွန်ပြည်နယ်

မြို့နယ်အဆင့်အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား လူရည်ချွန်ရွေးချယ်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်ဘက်စုံထူးချွန်သည့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က ကျိုက်မရောကျောင်း၌ ကျင်းပပြုလုပ်သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား မြို့နယ်အဆင့် ဘက်စုံထူးချွန်သည့် လူရည်ချွန်ရွေးချယ်မှု စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က စတင်၍ ချောင်းဆုံ (အ.ထ.က) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် လူရည်ချွန်စာမေးပွဲကျင်းပ

မွန်ပြည်နယ်  မုဒုံမြို့နယ်၌  ၂၀၂၂  -  ၂၀၂၃ ပညာသင်နှစ်  အခြေခံပညာအလယ်တန်း၊  အထက်တန်းမြို့နယ်အဆင့်  လူရည်ချွန်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၁)  အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

မော်လမြိုင်မြို့နယ် အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အမှတ် ၉ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မော်လမြိုင်မြို့၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန် တိုးတက်မြင့်မားလာစေရေး စာသင်ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ပညာရေးဌာနှင့် ပူးပေါင်း၍ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော  အနာဂတ် ကြယ်ပွင့်ကလေးငယ်များဘ၀ အလင်းထွန်းတောက်လာစေဖို့ စာသင်ကျောင်းများအရောက် သွားရောက်၍ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ် စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် နို၀င်ဘာလ ၂၈ရက်နေ့ နံနက်ပိုင်းက အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းသို့  သုတ ရသစာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။  

သထုံတွင် ဒေသတွင်း ရာဘာဈေးနှုန်း ကျဆင်းနေသော်လည်း ရောင်းဝယ်မှုများရှိနေ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ တစ်နိုင်တစ်ပိုင် ရာဘာစိုက်ပျိုးသူ တောင်သူများသည် ဒေသတွင်း ရာဘာဈေးနှုန်းများ ကျဆင်းနေသော်လည်း မိသားစု စားဝတ်နေရေးအရ ဆက်လက်လုပ်ကိုင် ရောင်းဝယ်နေကြဆဲဖြစ်ကြောင်း သိရသည်။

မုဒုံမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ဖလား) အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုရှိ လုပ်သားပြည်သူများ အားကစားနှင့်စိတ်ဓာတ်ခွန်အား မြင့်မားလာစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်း အနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ (၄၀၀) ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း သမိုင်းဝင် ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော်တို့အား ​ရွှေဆိုင်းသင်္ကန်းများ ကပ်လှူပူ​ဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ ​တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်​တော်မူ​သော ​ရှေး​ဟောင်းဘုရား (၁၆) ဌာန သမိုင်းဝင် ဆံ​တော်ရှင်များ ကိန်းဝပ်စံပယ်​တော်မူ​​သော ​စေတီ​တော်များအနက်မှ သမိုင်းဝင် ကျိုက်ဖျဉ်ကူ စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော်၊ ထီး​တော် ပြန်လည်တင်လှူ ပူ​ဇော်နိုင်​ရန်အတွက် စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော်တို့အား ​ရွှေဆိုင်း သင်္ကန်းများ ကပ်လှူပူ​ဇော်ပွဲ မင်္ဂလာအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယနေ့နံနက်ပိုင်းက ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး ရင်ပြင်​တော်​ပေါ်၌ ကျင်းပပြုလုပ်ရာ ဆရာ​တော်၊ သံဃာ​တော်အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်​ရောက်ခဲ့သည်။

ကျိုက်မရောမြို့နယ်၌ အပါတ်စဉ် ကျောင်းပိတ်ရက်တိုင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ယဉ်ကျေးလိမ္မာပြီး  ဘာသာတရားကို ငယ်စဉ်ကလေးဘဝမှစတင်၍ သိရှိနားလည် တန်ဖိုးထား လေးစားတတ်စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ချက်ဖြင့် (YMBA)မှ ကြီးမှူး၍ အပတ်စစဉ် တနင်္ဂနွေနေ့တိုင်း  ယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက် ၁၀ နာရီ  တွင် မေသရဖူ လူမှုရေးအသင်း ရုံးခန်းမ၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်