မွန်ပြည်နယ်

မော်လမြိုင်မြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက် တာလှုပ်ရှားမှု အထိမ်းအမှတ်ကျား၊မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြော

မော်လမြိုင်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကျား၊မအခြေပြု အကြမ်း ဖက်မှုဆိုင်ရာ  အသိပညာပေးဟောပြောခြင်းကို  ယမန်နေ့က အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ( ၁၆ )ရက်တာလှုပ်ရှားမှု အသိ ပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၅ ရက်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ် ဒေသခရီးသွားလာရေးလုပ်ငန်း အခွင့်အလမ်းများ ကောင်းမွန်လာစေ ရန်အတွက် အလေးထားဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဘုရားသွား လမ်းမ ကြီးတစ်လျှောက် ကျေးရွာများတွင် အပန်းဖြေကမ်းခြေများစွာရှိသည့်အနက် ကဒတ်ထောက်ကျေးရွာမှ တစ်မိုင်ခန့် ကျိုက္ခမီ - စက်စဲ ခရီးစဉ်ဒေသနှင့် တစ်ဆက်တည်း သွားရောက် အပန်းဖြေလေ့လာနိုင်သော သဘာဝကျောက်ပန်းချီကမ်းခြေကို သဘာဝအလှတရားများ အခြေခံထားသည့် ခရီးသွားလာရာနေရာတစ်ခုအဖြစ် ဖော်ဆောင် လျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာ လူထုအားကစားလအကြို  စုပေါင်းလမ်းလျှောက်လှုပ်ရှားမှု ပါဝင်ဆင်နွှဲ

ကျန်းမာရေးဝန်ကြီးဌာနက တစ်မျိုး သားလုံးကျန်းမာကြံ့ခိုင်ရေးအတွက်အခြေခံအကျဆုံးဖြစ်သည့် ပြည်သူလူထုအများပါဝင်သည့် နံနက်စောစောထလမ်းလျှောက်ခြင်းဖြစ်သည့် လူထုအားကစားလှုပ်ရှားမှုကို နှစ်စဉ်ဆောင်းရာသီတွင် ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီး ချုပ် ဒီဇင်ဘာ လူထုအားကစားလအကြို မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်တက် စုပေါင်းလမ်းလျှောက်လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။

၂၀၂၂ ခုနှစ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ဖလား)  ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ အားကစားကဏ္ဍ ဖွံဖြိုးတိုးတက် ရေးနှင့် ထူးချွန်သော ရွက်ပုန်းသီး ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  ၂၀၂၂ ခုနှစ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ဖလား) ရပ်ကွက်/ကျေးရွာ ပေါင်းစုံ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့မ အားကစား ကွင်း၌ စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူလူငယ်များ စာဖတ်သည့် အလေ့အ​ကျင့်ကောင်းများ ရရှိစေရန်နှင့် ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် စာငှား၊ စာဖတ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လည် ၁နာရီ အချိန်က အတ္တရံမြို့သစ် မူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကိုကျင်းပရာ ကော်မတီတွင်ပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် NGO အဖွဲ့အစည်းများ တက်ရောက်သည်။

မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သော နိုင်ငံ့၀န်ထမ်းများအတွက် ဆေးကုသစရိတ်ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျန်းမာရေး၀န်ကြီးဌာန မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့်နိုင်ငံ့၀န်ထမ်းများ၏ အခန်း ကဏ္ဌမြှင့်တင်ပေးနိုင်ရန်အတွက် နိုင်ငံ့၀န်ထမ်းများကို သင့်လျော်သည့် ခံစားခွင့်ရရှိအောင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့သော နိုင်ငံ့၀န်ထမ်းများအတွက် ထပ်ဆောင်းကုန်ကျခဲ့သောဆေးကုသ စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မော်လမြိုင်ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

သံဖြူဇရပ်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ခြေတုလက်တုအဟောင်းများအား အခမဲ့ဖြင့် ပြန်လည်ပြုပြင်တပ်ဆင်ပေးခြင်းကွင်းဆင်းဆောင်ရွက်

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ နယ်လှည့်အစီအစဉ်ဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ခြေတုလက်တု အသုံးပြုနေသူများအား အခမဲ့ပြုပြင်တပ်ဆင်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

သထုံမြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၂/၂၀၂၂) ဆင်းပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်မီးသတ်ဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်ခဲ့သည့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၂/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်ခန့်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်