မွန်ပြည်နယ်

မော်လမြိုင်မြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု  အထိမ်းအမှတ်ကျား၊ မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြော

မော်လမြိုင်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို  ယနေ့ နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

သထုံမြို့နယ်တွင် ကလေးအလုပ်သမားပ‌ပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေပွဲ(Talk Show)ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) အစီအစဉ်ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် လူရည်ချွန် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌  ၂၀၂၂  -  ၂၀၂၃ ပညာသင်နှစ်  အခြေခံပညာအလယ်တန်း၊ အထက်တန်းမြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲတွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို   ယနေ့နံနက်  ၆  နာရီက မြို့နယ်အားကစားပြိုင်ဝင်းအတွင်း၌ ကျင်းပသည်။

ကျိုက်မရောမြို့နယ်၌ နွေစပါး စိုက်ဧက ၃၀၀၀ ကျော် အောင်မြင်ဖြစ်ထွန်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ နတ်စမ်းကွင်း၌ စိုက်ပျိုးထားသော နွေစပါးများ စနစ်တကျစိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မသန်စွမ်းသူများ ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ပြည်နယ်၀န်ကြီးချုပ်တက်ရောက်

၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မသန်စွမ်းသူများ ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းက အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း(မော်လမြိုင်)ရှိ ကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ကျိုက်ထိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်‌ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ဌာနဆိုင်ရာများပူးပေါင်၍ ၂၀၂၂-၂၀၂၃ ခုပညာသင်နှစ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းငွေရတုခန်းမဆောင်၌  ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရော၌ ဆောင်းနေကြာစိုက်ပျိုးမည့်တောင်သူများသို့ နေကြာသီးနှံမျိုးစေ့ပေးအပ် ပွဲကျင်းပ

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် စီမံကိန်းဆီထွက်သီးနှံ  ဆောင်းနေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ကျေးလက်နေပြည်သူလူထုများ စားသုံးဆီဖူလုံမှုရရှိစေရန်နှင့် နေကြာဆီထွက်သီးနှံ စိုက်ဧကပြည့်မီရေးအတွက် ဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်  ၉ နာရီက နောင်လုံကျေးရွာ နေကြာစိုက်ကွင်း၌ ကျင်းပသည်။

သံဖြူဇရပ်မြို့နယ်၌ ရုံးဌာနအဆောက်အဦများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်သည့်အတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရုံးဌာနများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်စစ်ဆေးခြင်းများပြုလုပ်သည်။

ဘီးလင်းမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့်နံရံကပ်စာစောင်များခင်းကျင်းပြသ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များခင်ကျင်းပြသခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ဘီးလင်းမြို့နယ် အလူးအရှေ့ရွာလေး အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

အိမ်တွင်းလက်မှုလုပ်ငန်းမှသည် ပြည်တွင်းပြည်ပပို့ကုန်အထိ တင်ပို့ရောင်းချနိုင်ရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များကို လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် ရည်ရွယ်ပြီး ယမန်နေ့နံနက်က မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် အသေးစားအလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်