ကျိုက်မရော နိုဝင်ဘာ ၂၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်ဘက်စုံထူးချွန်သည့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က ကျိုက်မရောကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါလူရည်ချွန်မြို့နယ်အဆင့်စာမေးပွဲကို ကျိုက်မရောမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းကျောင်းများမှ (Grade-9၊Grade-10-Grade-11)တန်းမှ ကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၈၁)ဦးရှိပြီး လာရောက်ဖြေဆိုသူစုစုပေါင်း(၄၇)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခဲ့ကြပြီး နိုဝင်ဘာ ၂၈ ရက်တွင် မြန်မာစာနှင့်အင်္ဂလိပ်စာဘာသာရပ်ကိုလည်းကောင်း၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် သင်္ချာဘာသာရပ်နှင့် အထွေထွေဗဟုသုတဘာသာများရပ်ကိုဖြေဆိုပြီး ရွေးချယ်မှုအနေဖြင့် နောက်ဆုံးရက်တွင် လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)