နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ကျေးရွာများအား စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ကွင်းဆင်း ဆောင်ရွက်

ကျိုက်မရော ဒီဇင်ဘာ ၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာများသို့စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက လက်ပံကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးလှတင်မောင်က နိုင်ငံတော်၏ အဓိက စားနပ်ရိက္ခာ သီးနှံများဖြစ်သည့် ဆန်စပါးနှင့်  ဆီထွက်သီးနှံ စံပြကွက်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြောင့်  ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏  လူမှုစီးပွားဘဝနှင့်  နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည် မြှင့်တင် နိုင်ရန် နိုင်ငံစီးပွားရေးရန်ပုံငွေဖြင့် မတည်ထောက်ပံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ အမှန်တကယ်ဆောင်ရွက်မည့် သီးနှံအလိုက်ချေးငွေများထုတ် ချေးနိုင်ရေးကျေးရွာ အုပ်စုအလိုက် စီမံကိန်းမိတ်ဆက်ပေးခြင်းကို ကျေးရွာ ၆ ရွာ၌ ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းပေးနိုင်ရန် လက်ပံကျေးရွာနှင့် ခရုံကျေးရွာများသို့ ယခုလို ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်​ကြောင်း ဆွေးနွေးပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်သူလင်းက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  ဆောင်ရွက်မည့်ကျေးရွာ အုပ်စုအလိုက် စီမံကိန်းမိတ်ဆက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ကျေးရွာကော်မတီဝင် ရှစ်ဦးအား ကျေးရွာပြည်သူများ၏  သဘောဆန္ဒအလျောက် ဖွဲ့စည်းတာဝန်ပေးအပ်ကာ တက်ရောက်လာသည့် တောင်သူများ၏ သိရှိလိုသောမေးခွန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးက ပြန်လည်ဖြေကြား ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)