မုဒုံမြို့ အခြေခံပညာမူလတန်း ကွမ်ကသောင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

မုဒုံ    ဒီဇင်ဘာ   ၆

မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့က်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ စောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့က အခြေခံပညာမူလတန်း ကွမ်ကသောင် စာသင်ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား/ကျောင်းသူများ အတွေးအခေါ် မြင့်မားလာစေရေး၊ ကျောင်းစာအပြင် အခြားအသိပညာဗဟုသုတများနှင့် ဉာဏ်ရည်ဉာဏ်သွေး မြင့်မား လာစေရန် စာပေလေ့လာဖတ်ရှုကြစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်ကမ်းဆိုင်ရာများ၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး အကြောင်းအရာ များကို ဟောပြောသည်။

ထို့နောက် ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပြီး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို ပြသရာ ကျောင်းသား/သူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)