ကန်တော်မင်္ဂလာ ပရိယတ္တိစာသင်တိုက်ဖွင့်ပွဲနှင့် ကျောင်းထိုင်ပဓာန နာယကတင်မြှောက်ပွဲ အခမ်းအနားကျင်းပ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ(၄) ကန်ကြီးရပ်ရှိ(ယခင်အောင်အေးကျောင်း)အား ယခုအခါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ သြဝါဒလမ်းညွှန်ချက်နှင့်အညီ မြို့နယ်သံဃနာယကအဖွဲ့သြဝါဒခံ “ကန်တော်မင်္ဂလာပရိယတ္တိစာသင်တိုက်” အဖြစ် ဖွင့်လှစ်ခြင်းနှင့် ကျောင်းထိုင်ပဓာနနာယကတင်မြှောက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။