မော်လမြိုင် ဒီဇင်ဘာ ၉
မော်လမြိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အမှတ် ၉ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး၊ ရဲတပ်ဖွဲ့စုတို့ပူးပေါင်း၍ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၈ ရက်နေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဟောပြောပွဲတွင် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကျောင်းသား/သူများ အသိပညာဗဟုသုတများတိုပွားရရှိကြစေရေး စာဖတ်ရှိန်မြင့်မားလာစေရေးအသိပညာပေး ဟောပြောပေးခဲ့ပြီး အမှတ် ၉ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု ရဲအုပ်ချစ်ချစ်စိုးက လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးသူများ အသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူးသူများ အဓိကပစ်မှတ်ထားသည့် နေရာများ၊ လူကုန်ကူးခြင်းခံရနိုင်သူများ၏အခြေအနေ၊ လူကုန်ကူးခြင်းခံရသူတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုး များ၊ လူကုန်ကူးမှုကျူးလွန်သူများ၏ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် လူကုန်ကူးခြင်းခံရမှုများ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သင့်သည့်အချက်များ စသည့်အကြောင်းအရာများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင် (ပြန်/ဆက်)