မုဒုံ ဒီဇင်ဘာ ၁၀
၂၀၂၂ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျတ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်း ကျောင်းသား/သူများအား ကျန်းမာရေးအတွက် မေးခွန်း (၁၀၀) ဖြေဆိုခြင်းနှင့် အသိပညာပေးခြင်း ဟောပြောပွဲကို ယမန်နေ့က အ.ထ.က (၃) စာသင်ကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နွယ်နွယ်သန်းက အဖွင့်အမှာ စကားပြောကြားပြီး ကျောင်းကျန်းမာရေး လူမှုဆက်ဆံရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများအား ခုခံအား ကျဆင်းမှု ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ပြောကြားခဲ့သည်။ ထို့နောက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူ များအား မေးခွန်း (၁၀၀) မေး/ဖြေခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး တာဝန်ရှိသူများမှ အမှတ်တရလက်ဆောင်များကို အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်သန်းနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် ပညာရေးမှူး၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျောင်းကျန်းမာရေး လူမှုဆက်ဆံရေးမှူး ဒေါ်ဆွေဆွေလွင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)