သံဖြူဇရပ်မြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

သံဖြူဇရပ် ဒီဇင်ဘာ ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကာ ဒီဇင်ဘာ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက် ၆ နာရီအချိန်က ကျင်းပြုလုပ်သည်။

ဒီဇင်ဘာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (စုပေါင်းရုံး) ရှေ့မှ စတင်၍ မြို့နယ်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများပြုလုပ်ခဲ့ သည်။

အဆိုပါ လူထုလမ်းလျှောက်ပွဲတွင် သံဖြူဇရပ်တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးနှင့် တပ်မတော်သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၃၈၀) ဦးခန့်ဖြင့် စုပေါင်း လမ်းလျှောက်ခဲ့ကြပြီး  လမ်းလျှောက်ပွဲလာသူများကို နံနက်စာကောက်ညှင်း ပေါင်းနှင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)