မွန်ပြည်နယ်

သံဖြူဇရပ်မြို့နယ်၊ မြို့မမူကြိုကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကာယစွမ်းရည်ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့မမူကြိုကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများ၊ ကာယစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့မစျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုဒုံမြို့မစျေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီကစျေးအတွင်း၌ ဆောင်ရွက်သည်။

ချောင်းဆုံတွင် ၂၀၂၂−၂၃ ပညာသင်နှစ် အသက်(၁၃)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂−၂၃ ပညာသင်နှစ် အသက်(၁၃)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ်အားကစားကွင်းတွင်ကျင်းပခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပညာရေးဝန်ထမ်းမိသားစုများ ကျောင်းသား/သူများ ပြည်သူများလာရောက် ကြည့်ရှုအားပေးခဲ့သည်။

ချောင်းဆုံမြို့နယ်၊ (အထက)ချောင်းဆုံကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မြို့မရဲစခန်းနှင့်ပညာရေးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က (အထက)ချောင်းဆုံအခြေခံပညာအထက်တန်းကျောင်း(သီရိရတနာ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

(၇၅ )နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့  အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

နေ့ထူးနေ့မြတ်ထဲတွင် တစ်ရက်အပါအ၀င်ဖြစ်သော လွတ်လပ်ရေးနေ့ကို ပြည်သူများ အစဉ်အမြဲ သတိရနေစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက်၊ စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာကုန်ထုတ်လမ်းပေါ်ရှိ တံတားလေးစင်းရာနှုန်းပြည့်ပြီးစီး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကော့ခပုံကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ တံတားလေးစင်း  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ပူးပေါင်းကာ ယနေ့မွန်းလွဲပိုင်းက ဆရာမကြီးလူထုဒေါ်အမာ၏ "အမေ့ရှေးစကား"စာအုပ်(ဒုတိယတွဲ)အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြသည်။

မော်လမြိုင်မြို့တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့ လူငယ်စကားဝိုင်းကျင်းပ

မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊

မော်လမြိုင်မြို့တွင် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းနှင့် ဂဟေဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်အတွင်း လူငယ်၊ လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး သက်မွေးပညာရပ်များကို လေ့ကျင့်သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးနှင့် ကျွမ်းကျင်လုပ်သားပညာရှင်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီက ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းနှင့် ဂဟေဆက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်အတွင်းရှိပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ မွန်းလွဲပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်