သံဖြူဇရပ်မြို့နယ်၊ မြို့မမူကြိုကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကာယစွမ်းရည်ပြိုင်ပွဲများပြုလုပ်

သံဖြူဇရပ်   ဒီဇင်ဘာ   ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့မမူကြိုကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများ၊ ကာယစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့မမူကြိုကျောင်းမှ ရင်သွေးငယ်များကအကပဒေသာများဖြင့် ဖွင့်လှစ်ပြီးမြို့နယ်မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ဝင်းဝင်းမာက ကာယစွမ်းရည်ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲများကျင်းပရာ အာလူးကောက်ပြိုင်ပွဲ၊ ဇကောရွက်ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများ ပြုလုပ်ရာ ပြိုင်ပွဲဝင်ကလေးဦးရေ(၅၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရကလေးများအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ကလေးမိဘများမှ မေတ္တာလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

မိုးစည်သူ(သံဖြူဇရပ်)