မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃ ခုနှစ်၊ ​(၇၆)နှစ်မြောက် ပြည်​ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော် အလံလွှင့်တင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား တက်​ရောက်

​မော်လမြိုင်  ​ဖေ​ဖော်ဝါရီ ၁၂

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်​ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မောရဝတီပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသည့်ဧည့်သည်​တော်များ တက်ရောက်ခဲ့သည်။

ရှေ့ဦးစွာ နိုင်ငံတော်အလံတင်အဖွဲ့နှင့် စစ်ခရာအဖွဲ့မှ ကွင်းအတွင်းနေရာယူ၍ နိုင်ငံတော်အလံအားလွှင့်ထူခဲ့ပြီး တက်ရောက်လာကြသူများမှ နိုင်ငံတော်အလံ အားအလေးပြုခြင်းနှင့် ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများအားအလေးပြုခြင်းတို့ ​ဆောင်ရွက်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်​ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယ​နေ့နံနက် မော်လမြိုင်မြို့၊ မောရဝတီပန်းခြံ၌ ဆက်လက်ကျင်းပခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်​တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်​တော်များ တက်​ရောက်ခဲ့သည်။

အခမ်းအနားတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတို့က ကွင်းအတွင်းသို့ ချီတက်နေရာယူခဲ့ကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲမှ မွန်ပြည်နယ် ဝန်ကြီးချုပ်ကို အလေးပြုခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများ အား အလေးပြုခြင်းတို့ ​ဆောင်ရွက်ခဲ့ကြသည်။

ထို့​နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ ဖတ်ကြားခဲ့ပြီး ဂုဏ်ပြုတပ်ခွဲမှ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ​​မော်လမြိုင်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ တိုင်းရင်းသားများ၊ ၊  စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ