မွန်ပြည်နယ်

မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ MSMEs Talk Show စကားဝိုင်း ဆွေးနွေးပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တာ၀န်ရှိသူများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မီးသတ်ဦးစီးဌာနှင့် ဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့တို့မှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ သံဖြူဇရပ်မြို့နယ် အမှတ်(၁)နှင့် (၂)အခြေပညာအထက်တန်းကျောင်း၌ ကွင်းဆင်းစစ်ဆေးသည်။

သထုံမြို့ရှိ သမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်နေ့၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား

မွန်ပြည်နယ်၊ သထုံမြို့ရှိ သမိုင်းဝင်လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်‌နေ့၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးရှိ သီလရှင်ဆေးကုသဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်

မော်လမြိုင်မြို့ မေတ္တာစွမ်းရည် ဒေါ်လန်းသီလရှင်တိုက် ဒေါ်ကရုဏာဝတီ Ph.D (Thesis)က ဦးဆောင်၍ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးအတွက် ဆောက်လုပ်လှူဒါန်းသော (၂၁)ခု တင်ဆံ့ သီလရှင်ဆေးကုသဆောင်ကို ယမန်နေ့နံနက်(၈)နာရီ အချိန်ခန့်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်လှူပွဲ အခမ်းအနား ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၂၀၂၃ ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲ အခမ်းအနားကို ယမန်​နေ့မွန်းလွဲပိုင်းက ​မော်လမြိုင်မြို့၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်​ရောက်ခဲ့သည်။

တပေါင်းလပြည့်နေ့တွင် ပေါင်မြို့နယ် ထန်းပင်ချောင်​ကျေးရွာ၌ တည်ထားကိုးကွယ်ထားသော ဗုဒ္ဓဂါယာ မဟာဗောဓိစေတီ၌ ဘုရားဖူးသူများစည်ကား

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာ၌ တည်ထားကိုးကွယ်ထားသော ဗုဒ္ဓဂါယာမဟာဗောဓိစေတီ‌တာ်မြတ်ကြီးတွင် ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့၌ ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ သာသနာ့ဗိန်မာန်တော်ကြီး၌ ရေစက်သွန်းချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဂန္ဓကုဋိတိုက်အတွင်းရှိ မြတ်ဗုဒ္ဓရုပ်ပွါးတော် (၂၁) ဆူတို့အား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ကောင်းမှုကုသိုလ်အတွက် ဘဝနတ်ထံပျံလွန်တော်မူပြီးသော သြဝါဒါစရိယ ဆရာတော်ကြီးများ ကွယ်လွန်သွားပြီးဖြစ်သော

သံဖြူဇရပ်မြို့နယ်တွင် အင်ကြင်းတောင်ဘုရားပွဲ၌ စတုဒီသာ ကျွေးမွေးလှူဒါန်းသူများဖြင့်စည်ကား

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ယနေ့တပေါင်းလပြည့်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော အောင်သာယာရပ်ကွက်ရှိ အင်ကြင်းတောင် ဘုရားပွဲ ကို စည်ကားသိုက် မြိုက်စွာကျင်းပလျက်ရှိရာ

ဘီးလင်းမြို့ ရှေးဟောင်းစကြာသီဟမဟာမုနိ ကြေးသွန်းရုပ်ပွါးတော်မြတ်ကြီး၏ (၁၅၁)နှစ်ပြည့် ဗုဒ္ဓပူဇနိယနှင့် ဂန္ဓကုဋိတိုက်ပြဿဒ်ဘုံဆင့် ရွှေထီးတော်တင် မင်္ဂလာကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက်တွင် တည်ထားကိုးကွယ်ထားရှိသော ရှေးဟောင်းစကြာသီဟမဟာမုနိ ကြေးသွန်းရုပ်ပွါးတော်မြတ်ကြီး၏ (၁၅၁)နှစ်ပြည့် ဗုဒ္ဓပူဇနိယနှင့်ဂန္ဓကုဋိတိုက်ပြဿဒ်ဘုံဆင့် ရွှေထီးတော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မြို့နယ် သံဃာ့မဟာနာယကဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဘာသာကလျာဏယု၀အသင်း (YMBA)ဗဟိုမှ ကြီးမှူးကျင်းပသော (၃၈) ဖြာမင်္ဂလာတရားတော်ယဉ်းကျေးလိမ္မာ စာမေးပွဲ ဂုဏ်ထူးရ ရင်သွေးငယ်များ ဂုဏ်ပြုခြင်း အခမ်းအနား ပြည်နယ်ဝန်ကြီးချုပ်  တက်​ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဗုဒ္ဓဘာသာကလျာဏယု၀ အသင်း (YMBA)ဗဟိုမှ ကြီးမှူး ကျင်းပသော(၃၈) ဖြာမင်္ဂလာ တရားတော် ယဉ်းကျေးလိမ္မာ စာမေးပွဲ ဂုဏ်ထူးရ ရင်သွေးငယ်များ ဂုဏ်ပြုခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ​မော်လမြိုင်မြို့၊ သာသနာဗိမာန်​တော်ကြီး၌ ကျင်းပပြုလုပ်ရာပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများက အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ​မော်လမြိုင်မြို့၊ ​ဒေါ်လန်းကျောင်းတိုက်၏ ဦးစီးပဓါန မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဉာဏကုတ္တရထံ ငါးပါးသီလ ခံယူ​ဆောက်တည်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က သာသနာ​ရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားခဲ့သည်။
Subscribe to မွန်ပြည်နယ်