မွန်ပြည်နယ်

ဘီးလင်းမြို့နယ် ကျိုက်ထီး​ဆောင်းဆံတော်ရှင်စေတီတော်အဝင် မုခ်ဦးမုခ်ဝဖွင့်မင်္ဂလာအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထီးဆောင်း ဒုတိယဒီပ ဒေါက်တာနာဂဒီပ ဆရာတော်အရှင်သူမြတ် ဦီးဆောင်ညွှန်ကြားမှုဖြင့် တည်ဆောက်ပြီးစီးခဲ့သော ဆံတော်ရှင်စေတီတော်များသို့ အဝင်မုခ်ဦး၊ မုခ်ဝဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် (၉:၃၀)နာရီက ကန်သာယာရပ်ကွက်ရှိ  အဆိုပါမုခ်ဦးရှေ့၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်​ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အများပြည်သူများ အသက်အရွယ်မ​ရွေး ကိုယ်လက်လှုပ်ရှား အားကစား ​ဆောင်ရွက်နိုင်​​ရန် ထူးချွန်​သော​ဂေါက်သီးရိုက် အားကစားသမားများ​ ပေါ်ထွက်လာ​စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၁ ရက်​နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်​ရောက်ခဲ့သည်။

ပေါင်မြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ online  အမှတ်စဉ် ၁/၂၀၂၃  သင်တန်းနောက်ဆုံးနေ့ပို့ချ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ online အမှတ်စဉ် ၁/၂၀၂၃ သင်တန်းနောက်ဆုံးနေ့ပို့ချနေမှုကို ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်ဖြေဆို

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

နွေရာသီအခြေခံစစ်တုရင်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ

ကျိုက်မရော မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံစစ်တုရင်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အ.မ.ကမူလွန်(၁) ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းဆေးအ​ကြောင်းသိကောင်းစရာ ဆွေးနွေးပွဲ (Talk Show)ကျင်းပ

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ တိုင်းရေးဆေးအကြောင်းသိကောင်းစရာဆွေးနွေးပွဲ(Talk Show)ကို ယနေ့မွန်းလွဲ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။

သထုံမြို့နယ်တွင် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးသင်တန်း ဖွင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် မတ်လ ၁၀ ရက်၊ နံနက် ၉ နာရီအချိန်ခန့်က ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖိနပ်ချုပ်သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ ၁၀ နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကာ‌ နွေရာသီဖိနပ်ချုပ်သင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှုအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် သန့်ရှင်း၍ စိမ်းလန်းစို​ပြေသာယာလှပပြီး အများပြည်သူများ စိတ်​အေးချမ်း​မြေ့မှုများရရှိ​စေ​ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဝင်များနှင့်

မွန်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုနေမှုကို ကြည့်ရှုအားပေး

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို ကြည်ရှုအားပေးခဲ့သည်။
Subscribe to မွန်ပြည်နယ်