မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်းရှိ လူဦးရေစာရင်းများ E-ID server အတွင်းသို့ စာရင်းထည့်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ မွန်ပြည်နယ်အတွင်းရှိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူပြီးစီးခဲ့သည့် လူဦးရေစာရင်းများအား အီလက်ထရွန်နစ် မှတ်ပုံတင်ရေးဦးစီးဌာန၏ e-ID Server အတွင်းသို့ စာရင်းထည့်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

မုဒုံမြို့၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အတ္တရံ မြစ်ကူး(စံပါယ်ဂူ)တံတား ချဥ်းကပ်လမ်းမြေယာ လျော်ကြေးငွေပေးအပ်ပွဲ ဒုတိယအကြိမ်ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတ္တရံမြစ်ကူး(စံပယ်ဂူ) တံတားချဥ်းကပ်လမ်းဖောက်လုပ်ရာ၌ လမ်းနယ်အတွင်းပါဝင်သည့် လယ်မြေ၊ ဥယာဥ်မြေ၊နှင့် အခြားနည်းအသုံးပြုခွင့်ရ မြေများအား မြေယာလျော်ကြေးငွေ ဒုတိယအကြိမ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁နာရီက ကျိုက်မရောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊(ရွှေဟင်္သာ)ခန်းမ၌  ပြုလုပ်သည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ် ဖြေဆို

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ပေါင်မြို့နယ်တွင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းကာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ဓာတုဗေဒ)ဘာသာရပ် ဖြေဆိုနေမှုအား ပါမောက္ခချုပ် (မော်လမြိုင်)၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွက် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ဓာတုဗေဒ)ဘာသာရပ်ကို အခြေခံပညာအထက်တန်းကျောင်း (ချောင်းဆုံ) စာစစ်ဌာနတွင် ယနေ့နံနက်က ကျောင်းသား/သူများ  အေးချမ်းစွာဖြေဆိုနေမှုကို ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့သည်။

မော်လမြိုင်ခရိုင်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အကြို စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း (၄၉)နှစ်မြောက် မွန်​ပြည်နယ်နေ့အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် (၄၉)နှစ်မြောက်မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၁ ရက်​နေ့၊ ည​နေပိုင်းက ​မော်လမြိုင်မြို့ ငန်း​တေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦး​အောင်ကြည်သိန်း၊ အ​ရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်​ရောက်ခဲ့သည်။

ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော်မြတ်ကြီး နှစ်(၅၀)ပြည့်ရွှေရတု အထိမ်းအမှတ် ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့အား ဆပ်ကပ်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဆကေသမဟာဓါတု ကျိုက်ထီးဆောင်း ဆံတော်ရှင်စေတီတော်မြတ်ကြီးနှစ်(၅၀) ပြည့် ရွှေရတုမင်္ဂလာအခမ်းအနားအ​ဖြစ် ရွှေထီးတော်၊ ငှက်မြတ် နားတော်နှင့်ရတနာစိန်ဖူးတော်တို့အားဆပ်ကပ်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်၈ နာရီကဇုတ်သုတ်စံပြ ကျေးရွာ ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရော မြို့နယ်၌ နွေရာသီ အခြေခံစစ်တုရင်သင်တန်းဖွင့်လှစ်

နွေရာသီ  ကျောင်းပိတ်ရက်ရှည် ပိတ်ရက်များအတွင်း ကျောင်းသား၊ကျောင်းသူ လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်  ဦးနှောက်ညဏ် ဖွံဖြိုးပြီး စိတ်ဓတ် အတွေးအခေါ်များ မြင့်မားလာစေရန်နှင့်လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုရရှိစေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံစစ်တုရင်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်