မွန်ပြည်နယ်

ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆွေးနွေးချက်ကို ယမန်နေ့နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

မော်လမြိုင်တက္ကသိုလ်၌ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ တတိယနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၅)၊ မဟာဗျူဟာအစီအစဉ် ၅.၃.၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက်ရည်ရွယ်၍ “တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ”ကို ယနေ့နံနက်က မော်လမြိုင်တက္ကသိုလ်၊ ပင်မဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်၌ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ မြန်မာ့သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မော်လမြိုင်မြို့နယ်၌ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ မြန်မာ့သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းကခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပေါင်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ မဲစာရင်းပြုစုခြင်းနှင့်ကပ်ထားကြေငြာခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မဲစာရင်းပြုစုခြင်းနှင့်ကပ်ထားကြေငြာခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေမျိုးနှင့်အဖွဲ့ဝင်များ ကော်မရှင်အဖွဲ့ဝင်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မုဒုံမြို့နယ်ဘဏ်ခွဲ)မှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက စိန်တောင်၊ ထောင်ကေးကျေးရွာများရှိ ဒေသခံတောင်သူများအား မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်(ခွဲ) မုဒုံမြို့၌ ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ကျွဲကောပင်များ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မုဒုံမြို့တွင် အများအပြားစိုက်ပျိုး

မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသများနှင့် မြိုအနီးဝန်းကျင်တစ်ဝိုက်တွင် ကျွဲကောပင်များ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မုဒုံမြို့နယ်အတွင်း၌ ကာလ ရှည်သီးနှံများနှင့် အခြားသီးနှံများကိုလည်း တောင်သူများမှအများအပြား စိုက်ပျိုးကြသည်။

သထုံမြို့၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူများအား ကြက်ဥနှင့် နွားနို့တိုက်ကျွေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ စီစဥ်ကြီးကြပ်မှုဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား ကျောင်းသူများအား ကြက်ဥနှင့်နွားနို့အာဟာရတိုက်ကျွေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်