မုဒုံ ဇန်နဝါရီ ၁၁
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၂)ကို ယနေ့နံနက် ၆ နာရီမှစတင်၍ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာစနစ်တကျ ဆန္ဒမဲပေးလျက်ရှိသည်။
ဦးစွာ မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက မဲပုံးများအား ပါတီကိုယ်စားလှယ်များပြသ၍ လုံခြုံရေးကြိုးတပ်ဆင်ပြီးနောက် နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက မဲရုံကို စတင်ဖွင့်လှစ်သည်။ ထို့နောက် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းအမှတ်စဉ် လက်မှတ်ပြသ၍ လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့်လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို ဆန္ဒပြုရွေးချယ်ကြသည်။
မုဒုံမြို့နယ်အနေဖြင့် မဲရုံစုစုပေါင်း ၁၀၀ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၆၈၇၈၄ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)