ဘီးလင်း ဇန်နဝါရီ ၁၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ကျင်းပလျက်ရှိရာ မြို့နယ်အတွင်းရှိ မဲရုံအသီးသီးတို့၌ ယနေ့နံနက် ၆ နာရီမှစ၍ မဲဆန္ဒရှင်ပြည်သူများအေးချမ်းစွာ ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့သက်ဆိုင်ရာမဲရုံများသို့ လာရောက်၍ ဆန္ဒမဲများပေးကြရာ မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခြင်း၊ ရေသန့်ဗူးနှင့် မုန့်များဝေငှပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဘီးလင်းမြို့နယ်အတွင်း မဲရုံ စုစုပေါင်း ၄၇ ရုံဖွင့်လှစ်ထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၉၆၀၃၆ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)