ပေါင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ပြည်သူများလွတ်လပ်စွာ ဆန္ဒမဲပေး

ပေါင် ဇန်နဝါရီ ၁၁

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် နံနက် ၆ နာရီမှ စတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ မွန်ပြည်နယ်ပေါင်မြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်ပျော်ရွှင်စွာဖြင့် စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းမှ စတင်ကာ မဲဆန္ဒရှင် ပြည်သူများမှ မဲရုံများသို့ စိတ်အားထက်သန်စွာ ဆန္ဒမဲပေးနိုင်ရန်စောင့် ဆိုင်းလျက်ရှိရာမဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက မဲပုံးများအား ပါတီကိုယ်စားလှယ်များ အားပြသ၍ လုံခြုံရေးကြိုးတပ်ဆင်ပြီးနောက် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးကာ မဲပေးမည့်ပြည်သူများက နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်း လက်မှတ်ပြသပြီး လျို့ဝှက်ဆန္ဒပြုခန်းများတွင် MEVM မဲပေးစက်ဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ် များကို ဆန္ဒ ပြုရွေးချယ်ကြသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပေါင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားအခွင့်အရေးကို လက်လွတ်မခံပဲ မိမိကြိုက်နှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲပေစက်ဖြင့် လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိကြသည်။ ပေါင်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု(၅၄)ခု၌ မဲရုံစုစုပေါင်း(၉၀)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၁၇၂၉၆၂)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မွန်မလေး(ပြန်/ဆက်)