မွန်ပြည်နယ်

မော်လမြိုင်ခရိုင်၊ Community Centre ခန်းမ၌ အခြေခံပန်းချီပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက အခြေခံပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၃ ခုနှစ်၊ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ် ကျောင်းဝန်းအတွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဇာတ်တိုက်လေ့ကျင့်ခန်းတွင်ပါဝင်သော တပ်ဖွဲ့/ဦးစီးဌာန၊ အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်ကျိုက်ပိကျေးရွာ၌ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကမ်းရိုးတန်းဒေသ တောင်သူလယ်သမား (CFDA) အဖွဲ့တို့ပူးပေါင်း၍ ယမန်‌နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် ကျိုက်ပိကျေးရွာကပ်ကျော် ဘုရားဓမ္မာရုံ၌ စိုက်ပျိုး‌ရေးဆိုင်ရာနည်း ပညာ‌ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ရေးမြို့နယ် မီးသတ်ဦးစီးဌာနမှ တူး​မြောင်း​​ကျေးရွာအုပ်စု၊ ကျိုက်​ဒေတ​မော့ဗရတ်သာသနာပြု နယ်​မြေ(ကိုရင်​​လေး)​ကျောင်းသို့ ​သောက်သုံး​ရေများ သွား​ရောက်လှူဒါန်း

မွန်ပြည်နယ်၊ ​​ရေးခရိုင်၊ ရေးမြို့နယ် မီးသတ်ဦးစီးဌာနသည် ​တူး​မြောင်း​ကျေးရွာအုပ်စု၊ ကျိုက်​ဒေတ​မော့ဗရတ်သာသနာပြုနယ်​မြေ(ကိုရင်​လေး) ​ကျောင်းသို့ ယမန်​နေ့ ည​နေပိုင်းက ​သောက်သုံး​ရေများ သွား​ရောက်လှူဒါန်းခဲ့​ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ကျောင်းပြင်ပမူလတန်း ပညာရေး(NFPE) နှစ်ဆုံးအကဲ ဖြတ်စစ်ဆေး ကြီးကြပ်ခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) နှစ်ဆုံးအကဲ ဖြတ်စစ်ဆေး ကြီးကြပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်က ပေါင်မြို့နယ်အတွင်းရှိ စာမေးပွဲကျင်းပရာ အခြေခံပညာကျောင်း (၃)ကျောင်းသို့ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။

မော်လမြိုင်မြို့နယ်၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဖြေဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော  ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် (၄၆)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် (၄၆)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကို အောင်သာယာရပ်ကွက်ရှိ နန္ဒဝန်ပရိယတ္တိစာသင်တိုက်၌ စာဖြေဌာနဖွင့်လှစ်၍ ယမန်နေ့ နေ့လယ်(၁၂ )နာရီမှ စတင်ဖြေဆိုကြောင်း သိရသည်။

သထုံမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီမှ ထိန်ပင်ကျေးရွာ ပဲတီစိမ်းစိုက်တောင်သူများအတွက် အရင်းမပျောက် မ တည်ငွေလွှဲပြောင်းပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီမှထိန်ပင်ကျေးရွာ ပဲတီစိမ်းစိုက် တောင်သူများအတွက် အရင်းမပျောက် မ တည်ရန်ပုံငွေ(လုပ်ငန်းချေးငွေ)များ ကျေးရွာလုပ်ငန်းကော်မတီထံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲဖြေဆို

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို သထုံစာဖြေဌာနဖြစ်သည့် မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက် ဘွဲ့နှင်းဓမ္မာရုံ၌ ယမန်နေ့ နေ့လယ်က စတင်ကျင်းပရာ သံဃာတော်နှင့် သီလရှင်များ အေးချမ်းစွာဖြင့် လာရောက်ဖြေဆိုကြလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်  ပါဠိပထမ ပြန်စာမေးပွဲ(ပထမနေ့)ကျင်းပ

ကျိုက်ထိုမြို့ယ်တွင်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနမှပြုလုပ်သော အစိုးရပါဌိပထမပြန် စာမေးပွဲကို ယမန်နေ့ နေ့လည် ၁၂ နာရီတွင် မြို့နယ်သာသနာ့ဗိမ္မာန်‌စာစစ်ဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်