ကျိုက်ထို မတ် ၂၈
ကျိုက်ထိုမြို့ယ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနမှပြုလုပ်သော အစိုးရပါဌိပထမပြန် စာမေးပွဲကို ယမန်နေ့ နေ့လည် ၁၂ နာရီတွင် မြို့နယ်သာသနာ့ဗိမ္မာန်စာစစ်ဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာမေးပွဲတွင် ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ မဟာမရမ်းချိုကျောင်းတိုက် ဆရာတော် ဘဒ္ဓန္တ အာစာရ (နိုင်ငံတော်သံဃ မဟာနယက အဖွဲ့)နှင့် ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်၊ သာယာကုန်းကျောင်းတိုက် ဆရာတော် ဘန္ဓန္တပညာသာမိ (မြို့နယ်သံဃ နာယက ဉက္ကဋ္ဌဆရာတော်)နှင့် ဆရာတော် (၁၀)ပါးတို့မှ ကြီးကြပ်၍ ဖြေဆိုစေခဲ့သည်။
ပထမကြီးတန်းအား ဖြေဆိုရန်စာရင်းပေး သံဃာ(၈)ပါးအနက်ဖြေဆိုသည့် သံဃာ(၇)ပါး ပျက်ကွက်(၁)ပါး ပထမလတ်ဖြေဆိုရန် စာရင်းပေး သံဃာ(၄)ပါးအနက် ဖြေဆိုသံဃာ(၃)ပါး ပျက်ကွက် (၁)ပါးပထမငယ်စာမေးပွဲဖြေဆိုရန် စာရင်းပေးသံဃာ(၁၉)ပါး အနက်ဖြေဆို သံဃာ (၁၇)ပါး ပျက်ကွက်(၂)ပါးရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
ကျိုက်ထိုပြန်/ဆက်