မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုဒုံမြို့နယ် နွေစပါးစံပြ စိုက်ကွက်အား ကြည့်ရှုစစ်ဆေးပြီး “လိုရာပြည့်စုံ ကမ္ဘာလုံးစေတီတော်မြတ်ကြီး” နဝရတ်ကိုးပါး အုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား တက်ရောက်

မွန်ပြည်နယ်  မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ နွေစပါးစံပြ စိုက်ပျိုးရေးစိုက်ကွက်၊ ကွင်း အမှတ် -၈၄၃  တောင်သူ ဦးဘသိန်း၏ လယ် ၂ ဧက အတွင်း စိုက်ပျိုးထားရှိသော ဆင်းသုခ စပါးစိုက်ခင်း၌ ရွှေဇီဝဓါတ်မြေဩဇာအသုံးပြုမှု အခြေအနေများကို  ယနေ့နံနက် ၈ ခွဲက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ စာသင်ကျောင်းများ စိမ်းလန်း စိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း အခြေခံပညာ စာကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အလေးထားဆောင်ရွက် လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဧပြီလ ၁ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဝင်းအတွင်း၊  ဘေးပတ်ဝန်းကျင်ရှိခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

မုဒုံမြို့နယ်၌ ကိုကိုးသီးနှံစိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း(ဆရာဖြစ်) သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံတွင် ကိုကိုးသီးနှံ စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း(ဆရာဖြစ်)သင်တန်းဆင်းပွဲ အခမ်း အနားကို ယမန်နေ့က စိုက်ပျိုးရေးအသက်မွေးမှုသင်တန်းကျောင်း(မုဒုံ)၌  ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် အားသွန်ခွန်စိုက် တာဝန်ထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံပွဲ အခမ်းအနား ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့ မတ်လ၁၉ရက်နေ့တွင် ကျရောက်သည့် မွန်ပြည်နယ်နေ့တွင် အားသွန်ခွန်စိုက် တာဝန်ထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

သထုံမြို့‌ပေါ်ရှိ ‌သောက်သုံးရေအခက်အခဲရှိရာရပ်ကွက်များသို့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းမှ ရေလှူဒါန်း

မွန်ပြည်နယ်၊ သထုံမြို့‌ပေါ်ရှိ ရေအခက်အခဲဖြစ်ရာ နေရာများသို့ အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ ယနေ့နံနက်က သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။

သံဖြူဇရပ်မြို့နယ်၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၃၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့၌ နွေရာသီအခြေခံအားကစားနည်းသင်တန်းဖွင့်လှစ်

ပေါက်တောမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ၂၀၂၃ခုနှစ် နွေရာသီအခြေခံအားကစားနည်း ဘောလုံးသင်တန်းကို ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေ အားကစားကွင်း၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာ့ရိုးရာအ‌ခြေခံသိုင်းပညာသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းကာ‌ နွေရာသီမြန်မာ့ရိုးရာအခြေခံသိုင်းပညာသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ပြည်သူများစာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

မော်လမြိုင်ခရိုင်(Community Centre)ခန်းမ၌ ပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်ခရိုင် ၊ Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်