မွန်ပြည်နယ်

ရေးမြို့နယ်တွင် (၆၅)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်နှင့် နိုင်ငံတော်မှချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် (၆၅)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်နှင့် နိုင်ငံတော်မှချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက တူးမြောင်းကျေးရွာအုပ်စု ကျိုက်ဒေတမော့ဗရတ်သာသနာပြုဌာန(ကိုရင်လေးကျောင်း) လျောင်းတော်မူဘုရားအတွင်း၌ ကျင်းပခဲ့ကြသည်။

စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူများတွေ့ဆုံဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီ၌ စပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ဖြူဘကျေးရွာရှိ ကတိုက်ရေလှောင်တမံ ရှင်းလင်းဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦဂစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးငယ်များ မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂ဝ၂၂ ခုနှစ်အစိုးရ ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ မွန်းတည့် (၁၂) နာရီအချိန်က သံဖြူဇရပ်မြို့နယ် နန္ဒဝန်ပရိယတ္တိစာသင်တိုက်၏ န္ဒဝန်ဓမ္မသာလာခန်းမ၌ ကျင်းပသည်။

မြန်မာ့ရိုးရာယဥ်ကျေးမှုသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု သင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဥ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

သံဖြူဇရပ်မြို့နယ်၌   မြန်မာ့ရိုးရာမဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အား မြန့်ရိုးရာယဥ်ကျေးမှုများနှင့်အညီ ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံခြင်းလုံးခတ်ပညာသင်တန်း အခမဲ့ဖွင့်လှစ်

နွေရာသီ ကျောင်းပိတ်ရက်ရှည် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ခြင်းလုံးခတ်ပညာရပ်အား စိတ်ပါဝင်စားပြီး အခြေခံမှစ၍ လေ့လာသင်ယူကာ ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့် နွေရာသီ အခြေခံခြင်းလုံးခတ်ပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။

ရေးမြို့နယ်တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာ​မေးပွဲ သတ္တ​မ​(​နောက်ဆုံး​နေ့) ဖြေဆိုပြီးစီး

သာသနာ​ရေးနှင့် ယဥ်​ကျေးမှုဝန်ကြီးဌာန၊ သာသနာ​ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ​သော ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာ​မေးပွဲ သတ္တမ​(​နောက်ဆုံး​နေ့)ကို ယ​နေ့​နံနက် ၉ နာရီက တူး​မြောင်းကျေးရွာအုပ်စု၊ ပုပ္ဖဝတီ​ကျေးရွာ ကျိုက်​ဒေတ​မော့ဗရတ်သာသနာပြုနယ်​မြေ (ကိုရင်​လေးဆရာ​တော်​ကျောင်း) ​လျောင်း​တော်မူဘုရားအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မော်လမြိုင်မြို့၌ လုပ်ငန်းစွမ်းဆောင်မှု ဆုရရှိသည့်မြို့နယ်များအား ဆုချီးမြှင့်ခြင်းနှင့် (၆)လသင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၂၀၂၃ ခုနှစ် ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်မှု ဆုရရှိသည့်မြို့နယ်များအား ဆုချီးမြှင့်ခြင်းနှင့်

ပေါင်မြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)အစီအစဉ်ကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre)ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်