မြန်မာ့ရိုးရာယဥ်ကျေးမှုသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

မုဒုံ     ဧပြီ      ၄

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု သင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဥ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးပြည်သိမ်းက မြို့နယ်ဗဟိုမဏ္ဍပ်ဆောက်လုပ်ရေးကိစ္စရပ်များ၊ ဗဟိုမဏ္ဍာပ်ဖွင့်ပွဲပိတ်ပွဲများကို စည်ကားစွာကျင်းပနိုင်ရေး၊ ပြည်သူများပျော်ရွှင်စွာရေကစားနိုင်ရေး၊ ယိမ်းအကဖျော်ဖြေရေးနှင့် ဆုချီးမြှင့်ရေး၊ စတုဒီတာကျွေးမွေးရေး၊ နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့် ငါးလွှတ်ပွဲကျင်းပနိုင်ရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန် ရှင်းလင်းပြောကြားသည်။   ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆောင်ရွက်ရမည့် လုပ်ငန်းများအားဆွေးနွေးကာ မြို့နယ်မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

မုဒုံမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍာပ်တစ်ခု၊ ဧည့်ခံမဏ္ဍာပ်တစ်ခုနှင့် ရပ်ကွက်/ ကျေးရွာတို့တွင် ရေကစားမဏ္ဍာပ်(၄၂)ခုကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း  သိရသည်။

သားငယ် (ပြန်/ဆက်)