ပေါင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ပူဇော်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာများအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။