မော်လမြိုင်မြို့ သုသမာစာရအဖွဲ့ကြီး၏ ၁၃၈၄ ခုနှစ်၊ (၇၆)ကြိမ်မြောက် ပရိယတ္တိစာမေးပွဲ ဓမ္မပူဇာဆုနှင်းသဘင် အခမ်းအနားကျင်းပ

မော်လမြိုင် ဧပြီ ၁၀                                                        

မော်လမြိုင်မြို့ သုသမာစာရအဖွဲ့မှကြီးမှူးကျင်းပသော (၇၆)ကြိမ်မြောက် ပရိယတ္တိစာမေးပွဲ ဓမ္မပူဇာဆုနှင်း သဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မဟာမြတ်မုနိဘုရားကြီအနီးရှိ သုသမစာရအဖွဲ့ စာမေးပွဲခန်းမဆောင် မော်ကွန်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နာယကဆရာတော်ကြီးများ၊ စာအောင်ဆရာတော်သံဃာတော်၊ သီလရှင်များ၊ သုသမာစာရအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်၊၊ ရှေးဦးစွာ ဧည့်ပရိတ်သတ် အပေါင်းတို့က စိန်မမပါဠိတက္ကသိုလ်ကျောင်း တိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သုသမာစာရအဖွဲ့ကြီး၏ (၇၆)ကြိမ်မြောက် ဓမ္မပူဇာဆုနှင်းသဘင် ကျင်းပရခြင်းနှင့်ပက်သက်၍ သာသနာရေးဆိုင်ရာများလျှောက်ထားပြီး သုသမာစာရအဖွဲ့စာချတန်းအောင် “သုသမာစာရ ပိဋကတ္တယ ကောဝိဒ” ဘိဝံသဘွဲ့ ရရှိသော ဆင်ဖြူစာသင်တိုက်မှ ဦးပညာသီဟာလင်္ကာရ၏ ထေရုပ္ပတ္တိအကျဉ်းနှင့် စာအောင်ဘွဲ့လက်မှတ် စာအောင်ဆုများကို သုသမာစာရ အဖွဲ့ဥက္ကဋ္ဌဦးခင်မောင်ဝင်းက ဆက်ကပ်လှူဒါန်းခဲ့သည်၊၊

ထို့နောက် အလတ်တန်း၊ အငယ်တန်း၊ မူလတန်းအဆင့် ပထမဆုရရှိသူများနှင့် စာအောင်သံဃာ သီလရှင်များအား အောင်လက်မှတ်၊ စာအောင်ဆုများကို တာဝန်ရှိသူတို့က ဆုများအသီးသီး ဆက်ကပ်လှူဒါန်းကြပြီး နာယကဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဓမ္မပူဇာရာသက်ပန် ငွေပဒေသာပင်များကို အလှူရှင်များကလှူဒါန်းကြရာ သုသမာစာရအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူကြပြီး ဆရာတော်ကြီးထံမှအနုမောဒနာ တရားနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများနှင့် စာအောင်သံဃာ၊ သီလရှင်များက အလှူရှင်များမှ ဆွမ်းခြောက်များ လောင်းလှူခဲ့ကြသည်၊၊

အဆိုပါ မော်လမြိုင်မသုသမာစာရအဖွဲ့၏ (၇၆)ကြိမ်မြောက် ဓမ္မပူဇာဆုနှင်းသဘင်တွင် စာချတန်း(၃)ပါး၊ အလတ်တန်း(၁၁)ပါး၊ အငယ်တန်း(၂၀)ပါး၊ မူလတန်း(၃၂)ပါးတို့အား ဆုချီးမြှင့်ငွေစုစုပေါင်း ၂၇,၅၁၀,၀၀၀ (နှစ်ရာခုနှစ်ဆယ့်ငါးသိန်းတစ်သောင်းကျပ်တိတိ) လှူဒါန်းပူဇော်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်