ပေါင် ဧပြီ ၁၄
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်အကြိုနေ့၌ ပေါင်မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်းသိရသည်။
ရေကစားရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ စတုဒိသာများ ကျွေးမွေးဧည့်ခံကြပြီး ရေပက်ခံအဖွဲ့များက မော်တော်ဆိုင်ကယ်၊ အငှားယာဉ်၊ ကိုယ်ပိုင်ကားတို့ဖြင့် ရေကစားမဏ္ဍပ်အတွင်းရှိ စတုဒိသာများ ဝင်ရောက်စားသောက်ကြပြီး ရေပက်ခံထွက်ကာ မြို့နယ်ဗဟိုမဏ္ဍပ်တွင် ယိမ်းအကများကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)