ကျိုက်ထိုမြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း ကုသိုလ်ပြုခြင်းများဆောင်ရွက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ယခုနှစ် မဟာအတာသင်္ကြန်ပွဲတော်အကြတ်နေ့၌ ပြည်သူများ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။