ကျိုက်မရော အကျဉ်းထောင်မှ  အကျဉ်းသားအကျဉ်းသူ ၃၆ ဦး  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ

ကျိုက်မရော     ဧပြီ   ၁၇

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အကျဥ်းဦးစီးဌာန ကျိုက်မရောအကျဥ်းထောင်မှ အကျဥ်းသား(၁၄)ဦး၊ အကျဥ်းသူ  (၂၂)ဦး စုစုပေါင်း (၃၆)ဦးတို့သည်  နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်(၄၀/၂၀၂၆)ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ကြောင်းသိရသည်။

၎တို့အား ကျိုက်မရော အကျဉ်းထောင်တာဝန်ခံနှင့် တာဝန်ရှိသူများက သြဝါဒစကား ပြောကြားပြီး ခရီးစရိတ်များနှင့် ထောက်ပံ့ငွေများပေးအပ်ကာ မော်တော်ယာဉ်များဖြင့် နေရပ်သို့  ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း  အကျဉ်းဦးစီးဌာန  တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်  (ပြန်/ဆက်)